Saturday, January 26, 2013

ခရီးသွားဧည့်လမ်းညွှန်တယောက်ရဲ့ ဆုတောင်း

 အခုတလော ကမ္ဘာ့ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ တွေ့ရတော့ ဧည့်လမ်းညွှန်ဘ၀ကို ပြန်သတိရမိလိုက်ပါတယ်။
ဟိုတလောက ဟဲဟိုးမှာ ပျက်ကျတဲ့လေယာဉ်မှာ ဆုံးပါးသွားရှာတဲ့ ဧည့်လမ်းညွှန် သတင်း၊ တခါ မြန်မာပြည်မှာ ဟိုတယ်တွေ အမြန် တိုးချဲ့ဆောက်လုပ်နေတဲ့ သတင်း၊ ထိုင်း၊ လာအိုတို့နဲ့ သဘာဝ
လေ့လာရေးနဲ့ တွဲထားတဲ့ ခရီးစဉ်မျိုး ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ။ မကြာခင် ကမ္ဘာလှည့် ခရီးသွားတွေ အများကြီးလာတော့မယ်ဆိုလို့ အရင်က မြန်မာ့ခရီးသွားလုပ်ငန်း အခြေအနေကို သတိရမိတယ်။

ဒီကနေ့ ဧည့်လမ်းညွှန်တွေရဲ့ အခြေအနေကိုတော့ အသေအချာ မသိပါဘူး။ ပွင့်လင်းလာနေတဲ့ အချိန်ဆိုတော့ ပြောင်းတာတွေ အများကြီး ရှိနေမှာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ အစိုးရရဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမှာ ကျမ ဧည့်လမ်းညွှန် လုပ်ခဲ့တုန်းက အဖြစ်လေးတခု သတိရလို့ပါ။