Tuesday, December 11, 2012

By the People: The Role of Citizen Journalism in the Information Revolution



လူထုသတင်းထောက်ပညာရဲ့ အခန်းကဏ္ဍ အကြောင်း ၀ါရှင်တန်ဆွေးနွေးပွဲကအပြန်


ဆွေးနွေးကြတာကတော့ Citizen Journalism ဆိုတဲ့ လူထုသတင်းထောက်ပညာအကြောင်းပါ။ သတင်းသမား ၄ ဦးက ဆွေးနွေးရာမှာ တဦးက အီဂျစ်မှာ သတင်းသင်တန်းပေးခဲ့ပြီး အခုထိလည်း အီဂျစ်အစိုးရက တရားစွဲထားသူလည်း ဖြစ်ပါတယ်။

လူထုသတင်းထောက်ရဲ့ အခန်း ကဏ္ဍ ကို အာရပ်လှုပ်ရှားမှုမှာ အတော်လေးကို ထင်ထင်ရှားရှား သတိပြုမိကြပါတယ်။ 

Wednesday, December 5, 2012

Close Down This mine

         အင်္ဂလိပ်ဘာသာနဲ့ ထုတ်ခဲ့တဲ့ ဒီ ဗီဒီယိုရဲ့နောက်ကွယ်မှာ မုံရွာက ပြည်သူ့သတင်းထောက်လည်း ပါဝင်ပါတယ်။ သတင်းနောက်ကွယ်က စင်မတင်ခဲ့ရတဲ့ သတင်းကတော့ ဒီလိုပါ။


လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အမျိုးသမီး ၁၂ ဦး အဖမ်းခံပါတယ်။ ၂၀၁၂ စက်တင်ဘာ ၁၀ ရက် တနင်္လာနေ့ကပါ။ နေရာက မုံရွာ ဆုတောင်းပြည့်ဘုရားနားမှာ။


ဖမ်းထားတဲ့ ရဲစခန်းရှေ့ လူအုပ်ကြီးက ၀ိုင်းဆန္ဒပြကြတော့ နောက်တနေ့မှာ ၉ ယောက် ပြန်လွှတ်ပေးလိုက်တယ်။ နောက်ပိုင်း ၈၈ ကျောင်းသားတွေ ၀င်ညှိပေးပြီး ကျန် ၃ ယောက် ပြန်လွတ်လာတယ်။ ဒါပေမဲ့ ပြဿနာက ရပ်မသွားပါဘူး။

Tuesday, December 4, 2012



Jan 19, 2010
Asia Journalist Association Conference
Seoul, South Korea
What a memory from all over Asia! I miss you guy!








၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမေရိကန်အထက်လွှတ်တော်အမတ် John McCain ကို သူ့ရဲ့ရုံးမှာသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒါကတော့ ဒုတိယပိုင်းပါ။ John McCain ဟာ ၂၀၀၀ ခုနှစ်က ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ရီပါပလီကင်ပါတီကနေ တင်မြောက်ခံခဲ့ပါတယ်။

ဝါးတားဂိတ် အရှုပ်တော်ပုံကို ဖော်ထုတ်တင်ပြနိုင်ခဲ့လို့ အမေရိကန် သမ္မတ နစ်ဆင် ရာထူးကနေ နှုတ်ထွက်သွားခဲ့ရပါတယ်။ သြဇာအာဏာကြီးမားလှတဲ့ သမ္မတလိုလူတယောက်ရဲ့ အမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ သတင်းထောက် နှစ်ဦး ကတော့ Bob Woodward နဲ့ Carl Bernstein ဖြစ်ပြီး သူတို့ရဲ့ သတင်းထောက်လှမ်းမှုကို သတင်းသမားလောကမှာ အကြီးမားဆုံးသော သတင်းထောက်လှမ်းမှု လို့ သတင်းလောကက ခေါ်ဝေါ်ကြပါတယ်။



နိုဝင်ဘာလ ၁၃ ရက်နေ့က ICFJ ညစာစားပွဲနဲ့ ဆုပေးပွဲအခမ်းအနားမှာ တက်ရောက်စကားပြောဆိုခဲ့တဲ့ Bob Woodward နဲ့ အမှတ်တရပါ။ http://www.icfj.org/awards-dinner