၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမေရိကန်အထက်လွှတ်တော်အမတ် John McCain ကို သူ့ရဲ့ရုံးမှာသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒါကတော့ ဒုတိယပိုင်းပါ။ John McCain ဟာ ၂၀၀၀ ခုနှစ်က ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ရီပါပလီကင်ပါတီကနေ တင်မြောက်ခံခဲ့ပါတယ်။
ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သူမို့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို အင်မတန် စာနာသူလည်း ဖြစ်ပါတယ်။
သူ့ကို အင်တာဗျူးလုပ်ဖို့ သွားတဲ့အချိန်မှာ သမ္မတလောင်းဖြစ်ခဲ့သူ၊ အထက်လွှတ်တော်အမတ် တယောက်လို့ကို မထင်ရလောက်အောင်ကို မာန်မာနကင်းရှင်းပြီး အင်မတန်ဖော်ရွေတာ ကြုံတွေ့ရပါတယ်။
ကျမတို့ကို သူ့ရုံးခန်းနံရံမှာ ချိတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို ပြပြီး သူအင်မတန်လေးစားတဲ့ အကြောင်းလည်း ပြောပါတယ်။
John McCain ဟာ မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ဒုတိယ အပတ်အတွင်းက လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒီမေးမြန်းခန်းဒုတိယပိုင်းမှာ - မြန်မာနိုင်ငံမှာ နိုင်ငံတကာက လာရောက် ရင်းနှီးမြုပ်နှံ သင့်ပြီလား၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူကိုယ်တိုင် ရေးသားခဲ့တဲ့ စာအုပ်၊ နောက်ပြီး အိမ်နီးချင်း ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့နဲ့ မြန်မာနိုင်ငံ
နှိုင်းယှဉ်ချက် စတဲ့ အကြောင်းတွေကို ကျမ မေးမြန်းခဲ့ပါတယ်။
ရုပ်သံအတွက်မို့ အချိန်အကန့်အသတ်ရှိတဲ့အတွက် မူလ အသံလွှင့်ကတည်းက ၂ ပိုင်းခွဲပြီး လွှင့်ခဲ့တဲ့အတိုင်း မြန်မာဘာသာပြန်နဲ့ပဲ ပြန်တင်ထားပါတယ်။
(မှတ်ချက် - ဒီမေးမြန်းခန်းကို ကျမ အာအက်ဖ်အေ ၀န်ထမ်းဖြစ်ခဲ့စဉ်က မေးမြန်းခဲ့တာဖြစ်ပြီး အာအက်ဖ်အေရဲ့ မူပိုင်ဖြစ်ပါတယ်။)
This is my interview Part -2 with Senator John McCain at his office. Mr. McCain was very friendly to our crews, and he was humble despite being a high ranking Senator and as a presidential candidate.
The interview was conducted on Feb 15, 2012. Senator McCain went to Burma in the second week of January and met with president Thein Sein and Nobel laureate Daw Aung San Suu Kyi. In this second part, I asked Mr. McCain if now is the time for international community to invest in Burma, about his book on Daw Aung San Suu Kyi, and on his view on differences between Vietnam, Cambodia and Burma.
Since this interview is intended for Burmese audience, I have translated and voice over in Burmese. This video was originally broadcasted by RFA, when I was working there.
No comments:
Post a Comment